စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ sawjefry

ဘုရားသခင်၌ တည်နေခြင်း

ကျွန်မတို့၏သားကြီး ကောလိပ် ကျောင်းသို့ မသွားမီ မိသားစုဝင်များ စုံစုံညီညီ အားလပ်ရက်၌ တွေ့ဆုံခြင်းသည် နောက်ဆုံး အကြိမ်ပင်ဖြစ်သည်။ ပင်လယ်အနီးရှိ အသင်းတော် လေး၌ အနောက်ဘက်ခုံတန်းတွင် နေရာပြည့်ထိုင် နေကြရင်း သပ်သပ်ရပ်ရပ်နှင့် တန်းစီထိုင်နေသော သားသမီးငါးဦးတို့ကို ကြည့်ပြီး ကျွန်မနှလုံးသား၌ မေတ္တာ စိတ်ယိုဖိတ်မိသည်။ သူတို့တစ်ဦးချင်း ရင်ဆိုင်ရသော ဖိအားပေးမှုများ၊ စိန်ခေါ်မှုများကို တွေးရင်း “သားသမီးများကို ၀ိညာဉ်ရေးရာ၌ ကွယ် ကာလျက် ကိုယ်တော်နှင့်နီးစေတော်မူပါဘုရား”
ဟု စိတ်ထဲမှ တိတ်ဆိတ်စွာ ဆုတောင်းမိသည်။
၂ တိ ၁း၁၂ ကို အခြေပြုစပ်ဆိုထား သော
ဝတ်ပြုခြင်းအစီအစဉ် အပိတ်ဓမ္မသီချင်း၏ ထပ် ဆိုရန် အပိုဒ်က စိတ်ဓာတ် နိုးကြားတက်ကြွအောင်
လှုံ့ဆော်သည်။ “အဘယ်သူကို ငါယုံသည်ကိုငါသိ၏။ သူ၌ငါအပ်ထားသောအရာ ကိုလည်း ထိုနေ့ရက်တိုင်အောင် စောင့်ထိန်းနိုင်တော်မူသည်ဟု ငါသဘောကျ၏။” ၎င်းသည် ကျွန်မ…

ဝေဒနာကြားမှ မျှော်လင့်ရာ

ယေရမိအနာဂတ္တိကျမ်း အခန်းကြီး ၁ မှ ၄ ကို ဖတ်ရှုရန် ကျမ်းစာအုပ်ကို ဖွင့်လိုက်စဉ် ထိုကျမ်း ကို “ငိုကြွေးရချိန်၌ မျှော်လင့်ရာ” ဟူသည့် ခေါင်းစဉ် ငယ်ဖြင့် ဖော်ကျူးထားသည်ကို တွေ့လိုက်ရ၍ ကျွန်မ အံ့ဩမှင်တက်သွားရသည်။ ကျွန်မ၏မိခင် ဆုံးပါးသွား၍ ငိုကြွေးစိတ်ထိခိုက်ရသည့်ကာလကို ဖြတ်သန်းနေချိန်ဖြစ်သဖြင့် အချိန်ကိုက်ပင် ။ ကျွန်မ ငိုချမိလုနီးပါး ဖြစ်ခဲ့ရသည်။
ထိုနေ့မတိုင်မီက သင်းအုပ်ဆရာ၏ တရားဟောချက်ကြောင့်လည်း ကျွန်မထိုသို့ပင် ခံစားခဲ့ရသည်။ ဆရာက ၁ ပေ ၁း၃-၉ ကို အခြေပြု လျက် “ဝေဒနာကြားမှဝမ်းမြောက်ခြင်း” အကြောင်း ကို ဟောရာ၊ သူ့ဖခင်ကွယ်လွန်ခြင်း တစ်နှစ်ပြည့် သည့်အကြောင်း သူ့ကိုယ်ပိုင်အတွေ့အကြုံကို ဥပမာပေးဝေငှခဲ့ခြင်းဖြစ်သည်။ လူများစွာအတွက် ထိုတရားဟောချက်က ထိမိအဓိပ္ပာယ်ရှိလှပြီး ကျွန်မ
အတွက်မူ ၎င်းသည် ဘုရားသခင်ပေးသနားသည့် လက်ဆောင်ပင်ဖြစ်တော့သည်။ ကျမ်းစာမှ ထောက်ခံအတည်ပြုထားသော…

သက်ဆိုးရှည်သော ခါးသည်းမှု

ဒုတိယ ကမ္ဘာစစ်အတွင်းက ကော်ရီ တန်ဘူးမ် တို့မိသားစုသည် နယ်သာလန် နိုင်ငံ၌ နာရီပြုလုပ်သည့်လုပ်ငန်း လုပ်ကိုင်ရင်း ဂျူး မိသားစုများကိုလည်း တက်ကြွစွာ ကာကွယ်ပေးခဲ့ ကြသည်။ နောက်ဆုံးတွင် ၎င်းတို့၏မိသားစုမှာ စစ်အကျဉ်းစခန်းသို့ ဖမ်းဆီးပို့ဆောင်ခံရပြီး သူ့ဖခင် မှာ ၁၀ ရက်အကြာတွင် ကွယ်လွန်သွား ခဲ့သည်။ သူ့ညီမ ဘက်စီလည်း အကျဉ်းစခန်း၌ပင် သေဆုံးခဲ့သည်။ သူတို့ညီအစ်မနှစ်ဦး အကျဉ်းစခန်း ၌ အတူရှိနေစဉ် ဘက်စီ၏ယုံကြည်ခြင်းက ကော်ရီ၏ ယုံကြည်ခြင်းကို ခိုင်ခံ့စေခဲ့သည်။
ထိုယုံကြည်ခြင်းက အကျဉ်းစခန်း၌ ရှိနေစဉ် အစောင့်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည့် ရက်စက်ကြမ်းကြုတ်သူများကိုပင် ခွင့်လွှတ်နိုင်အောင် စောင်မခဲ့သည်။ စစ်အကျဉ်း စခန်းများကို ဖျက်သိမ်းပြီး အချိန်များစွာ ကြာသွား သည့်တိုင် မုန်းတီးနာကြည်းစိတ်နှင့် လက်စားချေလိုစိတ်များက အသက်တာများကို ဖျက်ဆီးပင်ဖြစ်ခဲ့သည်။ ကော်ရီအနေဖြင့် “မုန်းတီးစိတ်ထားခြင်းသည် အဘယ်မျှလောက် တရားသည်ဖြစ်စေ၊ အမုန်းတရားသည်…

နေ၏အနွေးဓာတ်

၁၉၆၃ ခုနှစ် နိုဝင်ဘာလ နေ့တစ်နေ့တွင် Beach Boy s' တေးဂီတအဖွဲ့မှ ဘရိုင်ယန် ၀ီဆန် နှင့် မိုက် လဗ် တို့သည် ၎င်းတို့အဖွဲ့မှ ဆိုနေကျ အပျော်သံစဉ်များနှင့်မတူသည့် သီချင်း တစ်ပုဒ်ကို ရေးစပ်ခဲ့ကြသည်။ ထိုသီချင်းမှာ ပျောက်ဆုံးသွားသော အချစ်အကြောင်း ရေးဖွဲ့ထား သော အလွမ်းသီချင်းဖြစ်သည်။ “ပျောက်ဆုံးသွား တယ် ဆိုတဲ့ ခံစားချက်က မသက်သာဘူး။ ဒါပေမယ့် မပျောက်ဆုံးခင် ချစ်ခဲ့ဖူးတယ်ဆိုတဲ့ အတွေ့အကြုံ ကတော့ ဒီပျောက်ဆုံးမှုကရလိုက်တဲ့ ကောင်းတဲ့ အချက်ပဲလို့ ပြောရမှာပေါ့” ဟု မိုက် က ဆိုသည်။ ထို သီချင်း၏ခေါင်းစဉ်မှာ “နေ၏အနွေးဓာတ်”
-The Warmth of the Sun ဟူ၍ ဖြစ်သည်။
ဝမ်းနည်းကြေကွဲမှုက တေးရေးစပ်ခြင်းအတွက် အထောက်အကူပြုနေခြင်းက
အဆန်းမဟုတ်ပါ။ ဆာလံ ၆…

အနှောင့်အယှက်များကို ကိုင်တွယ်ဖြေရှင်းခြင်း

ယေရုရှလင်မြို့အထွက်ရှိ အဘူ ဂို့ရှ်
ရွာလေးမှ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက မိမိတို့၏ဆဲလ်ဖုန်းများ ပိတ်ထားသည့် စားသောက် သူများအတွက် ၅၀% (တစ်ဝက်ဈေး) ဈေးလျှော့ ရောင်းချပေးသည်။ စားသောက်ချိန်၌ အတူတကွ စကားစမြည်ပြောရင်း စားသောက်ပေါင်းဖော်ရမည့် အစား၊ စမတ်ဖုန်းများက အင်တာနက်သုံးခြင်း၊ စာပို့ခြင်း၊ လုပ်ငန်းကိစ္စများအကြောင်း ပြောဆိုခြင်း တို့ဘက် အာရုံပြောင်းသွားစေသည်ဟု ဂျောဒက်
အီဘရာဟင်က ခံယူထားသည်။ “နည်းပညာ တွေက အလွန်ကောင်းပါတယ်။ ဒါပေမယ့် ...
မိသားစု၊ မိတ်ဆွေတွေရှိချိန်မှာ နာရီဝက်လောက်
သည်းခံပြီး အစာကို အရသာခံစားသုံးဆောင်ပြီး မိတ်ဆွေတွေနဲ့ ပေါင်းဖော်ပျော်ရွှင်သင့်ပါတယ်” ဟု
သူက ဆိုသည်။
အခြားသူများနှင့်ပေါင်းသင်းဆက်ဆံရေး၌ဖြစ်စေ၊ သခင်ဘုရားနှင့်အကျွမ်းဝင် မိတ်သဟာယဖွဲ့ခြင်း၌ဖြစ်စေ၊ ကျွန်ုပ်တို့ကို အလွယ်တကူ နှောင့်ယှက်လမ်းလွဲစေမည့် အရာများစွာရှိသည်။
စိတ်နှလုံးများစတင်မိုက်မဲခြင်း၊ နားထိုင်းခြင်း၊ မျက်စိများပိတ်ထားခြင်းကြောင့် ၀ိညာဉ်ရေး၌ အနှောင့်အယှက် စတင်ဝင်ရောက်ကြောင်း သခင်ယေရှုက တပည့်တော် များကို…

ကူညီနိုင်မလား

အလာစကား ပြည်နယ် ဘားရိုး မြို့ရှိ အထက်တန်းကျောင်းတွင် ကျောင်းသားများသည်
ပြဿနာဖြစ်နေတတ်ကြပြီး ကျောင်းထွက်ရသည့်
ရာခိုင်နှုန်းမှာ ၅၀% တိုင်အောင်ရှိနေ၍ စီမံ အုပ်ချုပ်ရေးမှူးများက စိတ်မချမ်းမသာဖြစ်ရသည်။
စာသင်ကြားရာတွင် ကျောင်းသားများ စိတ်ဝင်စားမှု ရှိလာရေး၊ ကိုယ်ပိုင်အရည်အချင်းများ ဖွံ့ဖြိုး တိုးတက်စေရေး၊ အဖွဲ့လိုက် စုပေါင်းလုပ်ဆောင် တတ်စေရေး၊ ဘ၀သင်ခန်းစာများ သင်ယူနိုင်စေရေး
စသည့် အခွင့်အလမ်းများဖန်တီးပေးမည့် ဘောလုံး အသင်းတစ်သင်းကို ဖွဲ့စည်းပေးခဲ့သည်။ သို့သော် အိုက်စ်လန်းနိုင်ငံထက်ပင် ကမ္ဘာ့မြောက်ဘက်ပိုကျသော ဘားရိုးမြို့၏ပြဿနာမှာ ဘောလုံးကွင်းအတွက် မြက်ခင်းပြင်စိုက်ပျိုးရန် ခက်ခဲခြင်းဖြစ်သည်။ သို့နှင့် သူတို့သည် ကျောက်စရစ်နှင့် မြေကြီးပေါ်တွင် ယှဉ်ပြိုင်ဆော့ကစားကြရသည်။
အလာစကားနှင့် မိုင်လေးထောင်ဝေးသည့် ဖလော်ရီဒါပြည်နယ်တွင် နေထိုင်သည့် ကေသီ ပါကာ အမည်ရှိ အမျိုးသမီးတစ်ဦးက အဆိုပါဘောလုံးအသင်းနှင့် သူတို့၏ အန္တရာယ်များလှသော ဘောလုံးကွင်းအကြောင်းကို ကြားသိခဲ့သည်။ ကူညီပေးရန် ဘုရားသခင်က သူ့ကိုနှိုးဆော်ခံရသည်ဟု ခံစားရပြီး၊…

နှုတ်ဆက်ပါတယ်

အဆင့်တစ်ဝက် - သံမဏိလူသား ထရိုင်ယသလွန် (အားကစားသုံးမျိုး) ပြိုင်ပွဲတွင် မက်စ် လူကာဒို ၀င်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က
ပြစ်တင်ညည်းတွားခြင်း၏ဆိုးကျိုးကို တွေ့ကြုံ သိ နားလည်ခဲ့ရသည်။ “၁.၂ မိုင် ရေကူး၊ ၅၆ မိုင် စက်ဘီးစီးပြီးနောက် ၁၃.၁ မိုင် ပြေးဖို့ အားသိပ် မရှိတော့ဘူး။ ကျွန်တော့်အနားက ပြေးနေတဲ့ ပြိုင်ပွဲဝင်တစ်ဦးကလည်း ကျွန်တော့်လိုပဲ။ သူက `အတော်ဆိုးတာပဲ၊ ဒီပြိုင်ပွဲဝင်ဖို့ ဆုံးဖြတ်မိတာ ကိုက ရူးသွပ်မိုက်မဲဆုံးပဲ´တဲ့။ ဒါနဲ့ ကျွန်တော်က သူ့ကို `ဂွတ်ဘိုင်´ ဆိုပြီး နှုတ်ဆက်လိုက်တယ်။” ကြာကြာ ဆက်ပြီးနားထောင်လျှင် ထိုသူနှင့် တစ်သဘောတည်း ဖြစ်လာမည်ကို မက်စ် သိသောကြောင့် သူနှုတ်ဆက်လမ်းခွဲကာ ပြိုင်ပွဲကို ဆက်ပြေးခဲ့တော့သည်။
ဣသရေလလူ များစွာတို့သည်လည်း ညည်းတွားပြစ်တင်သောစကားများကို ကြာမြင့်စွာ နားထောင်ကြပြီး ညည်းတွားသူများနှင့် တစ်စိတ်တည်းဖြစ်လာကြသည်။ ဤအမှုကို ဘုရားသခင်စိတ်တော်မတွေ့ပါ။ စိတ်တော်မတွေ့ခြင်းကလည်း…

အမြစ်စွဲသော ချစ်ခြင်း

ခမ်းနားထင်ရှားလှသည့် ဘုရားသခင်၏ ဖန်ဆင်းခြင်းလက်ရာများအကြောင်း ဆင်ခြင် စဉ်းစားရာ ကြီးမားမြင့်မားလှသည့် စီကွိုင်ယား (sequoia) သက်ရှည်ပင်ကြီးများက ကျွန်ုပ်ကို အထူးပင် မှင်တက်အံ့ဩစေသည်။ ဤအံ့ဖွယ် ဧရာမ အပင်ကြီးများသည် အမြင့်ပေ ၃၀၀ ခန့် မြင့်မားပြီး၊ လုံးပတ်မှာ ပေ ၂၀ ထက်ပင် ကျော် သေးသည်။ ၎င်းတို့သည် နှစ်ပေါင်း ၃၀၀၀ ကျော်
ရှင်သန်နိုင်ပြီး၊ မီးဒဏ်လည်း ခံနိုင်ရည်ရှိသည်။ စင်စစ် တောမီးကြောင့် ပြာမှုန့်များဖြင့် မြေဆီသြဇာ ကောင်းနေသော သစ်တောကြမ်းပြင်ပေါ်သို့ တောမီးအပူရှိန်ကြောင့် စီကွိုင်ယားသီးများ ပေါက်ကွဲကာ သစ်တောအနှံ့အစေ့များပြန့်ကြဲသွားသည်။ အံ့ဩဖွယ် အကောင်းဆုံးမှာ ထိုသစ်ပင်ကြီးများသည် မြေပြင်မှ အနက် ၃ ပေတွင်လည်း ရှင်သန်ပေါက်ရောက်နိုင်ပြီး လေပြင်းဒဏ်လည်းခံနိုင်သည်။ စီကွိုင်ယား သစ်ပင်တို့၏အမြစ်များမှာ အခြားအမြစ်များနှင့် ရောယှက်ကြခြင်းအပေါ် သူတို့၏ခံနိုင်ရည်အား တည်နေသည်။ ဤနည်းဖြင့် အပြန်အလှန် အင်အားဖြစ်စေပြီး၊…

ရှုံးနိမ့်ပြီးသား ရန်သူ

ဟိန်းဟောက်တတ်သော ခြင်္သေ့သည် နာမည်ကြီး “တောဘုရင်” ဟု ရှေးယခင်ကပင် သိထားခဲ့ကြသည်။ သို့သော် ကျွန်ုပ်တို့အများစု တွေ့ ဖူးမြင်ဖူးသော ခြသေ့င်္များမှာ တိရစာဆန်ရုံများမှ ပျင်းရိပျင်းတွဲ ကြောင်ကြီးမျိုးနွယ်များသာ ဖြစ်သည်။ ၎င်းတို့၏နေ့ရက်များသည် အနားယူအိပ်စက်ခြင်း များနှင့်သာ ပြည့်နေပြီး လက်လှုပ်စရာပင်မလိုဘဲ အစားအသောက်မှာ အသင့်တည်ခင်းပြီးသားပါ။
သို့သော် သဘာဝအတိုင်းနေရသည့် တောထဲတွင်မူ ခြင်္သေ့များသည် အမြဲလဲလျောင်း မနေရပါ။ ဆာလောင်မှုကြောင့် သူတို့အမဲလိုက်ရ သည်။ အမဲအဖြစ် အကောင်ပေါက်လေးများ၊ အားနည်း၊ ဖျားနာ၊ ဒဏ်ရာရသောအကောင်များကို ရှာဖွေကြသည်။ မြက်ပင်ရှည်များကြား ၀ပ်တွား ချောင်းမြောင်းလျက် ဖြည်းညှင်းစွာ ရှေ့သို့တွားသွားကာ ရုတ်တရက်ခုန်အုပ်လိုက်ပြီး
ပြုတ်တူကဲ့သို့သောမေးရိုးများဖြင့် သားကောင်လှုပ်မရအောင် ခဲထားလိုက်တော့သည်။
ရှင်ပေတရုက ဥပမာအင်္လကာဖြင့် “ဟောက်သောခြင်္သေ့”ကို စာတန်အဖြစ် တင်စားထားသည်။ စာတန်သည် ယုံကြည်မှုအပြည့်ရှိသော သားရဲဖြစ်ပြီး အလွယ်တကူ ဖမ်းနိုင်မည့်သားကောင်ကို ၀ါးမျိုရန် ရှာဖွေနေသည် (၁…

အံ့ဖွယ်ကောင်းသော လမ်းပြပုဂ္ဂိုလ်

ရုပ်ရှင်ရိုက်ရာ၌ ဒါရိုက်တာသည် သာလျှင် “ရုပ်ရှင်တစ်ကားလုံး”ကို ခြုံငုံပြီး အလုံးစုံ ဘယ်သို့ရိုက်ရမည်ကို သိမြင်သည်။ မင်းသမီး မာရီယွန် ကော့ထေးလ်လတ် က မကြာမီက သူရိုက်ကူးခဲ့သော ရုပ်ရှင်တစ်ကားတွင် ဒါရိုက်တာ လုပ်ဆောင်သည့်အရာအားလုံးကို သူမ နားမလည်ကြောင်း ၀န်ခံခဲ့သည်။ သူမက “ကိုယ့် ကိုယ်ကို အဲဒီနေရာမှာ မရှိသလိုနေပြရတာက သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်ဆိုတာ ကျွန်မ သိလိုက်ရတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ကျွန်မမှာ တကယ်တော်တဲ့ ကောင်းတဲ့ လမ်းပြပုဂ္ဂိုလ်ရှိနေ တာကို သိနေလို့ပါပဲ။ ... ဇာတ်ကားအတွက် ကိုယ့် ကိုယ်ကို အားလုံးအလုပ်ဖြစ်စေမယ့် ဇာတ်လမ်း တစ်ခုနဲ့ ဒါရိုက်တာက တစ်ယောက်ဆီကို အလုံးစုံ စုံးစုံးလွှတ်ပေးလိုက်ရုံပဲ” ဟုပြောပြခဲ့သည်။
ယောရှုကလည်း သူ့အသက်တာရှိ ဦးဆာင်ညွှန်ကြားသူနှင့် စပ်လျဉ်း၍ အလားတူ ပြောကြားခဲ့လိမ့်မည်ဟု ကျွန်ုပ်တွေးမိသည်။ ယနေ့ဖတ်ရန်ကျမ်းပိုဒ်၌ ဣသရေလလူများကို ဦးဆောင်မည့်သူ အသစ်ကျပ်ချွတ်…